Home Activities ရိုးမ အာရက္ခလူငယ်များ ပရဟိတအသင်းမှ လှူဒါန်းထားသော အလှူငွေများဖြင့် နေထိုင်စရာအိမ်များ ဆောက်လုပ်

ရိုးမ အာရက္ခလူငယ်များ ပရဟိတအသင်းမှ လှူဒါန်းထားသော အလှူငွေများဖြင့် နေထိုင်စရာအိမ်များ ဆောက်လုပ်

0

Date – 11.5.2026

အာရက္ခပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်နေရာတွင် အခက်အခဲအမျိုးမျိုးကြောင့် တိမ်းရှောင်လာရသော ပြည်သူများအတွက် အမိုးအကာ မလုံလောက်သည့်အပြင် မြေပြင်ပေါ်တွင် အိပ်စက်နေထိုင်နေရသော ပြည်သူများအတွက် ရိုးမ အာရက္ခလူငယ်များ ပရဟိတအသင်းမှ လှူဒါန်းထားသော အလှူငွေများဖြင့် ယာယီနေထိုင်စရာ အိမ်များ ဆောက်လုပ်ပေးနေသော မှတ်တမ်းဖြစ်ပါသည်။

ယင်းနေရာတွင် နောက်ထပ် အိမ်သုံးဆောင် ဆောက်လုပ်ရန် ကျန်ရှိနေသေးပြီး အိမ်တစ်ဆောင် ဆောက်လုပ်ရန် ကုန်ကျစရိတ်မှာ ကျပ်သိန်း (၁၀) ခန့် ကုန်ကျမည်ဖြစ်ပါသည်။

ယခုကဲ့သို့ လှူဒါန်းပေးသော အကျိုးကျေးဇူးကြောင့် ရိုးမ အာရက္ခလူငယ်များ ပရဟိတအသင်းမှ အသင်းသူအသင်းသားများနှင့် အလှူရှင်အပေါင်းတို့သည် သက်ရှည်ကျန်းမာ၍ ချမ်းသာစွာဖြင့် လိုလားတောင့်တသည့်ဘဝကို ရရှိနိုင်ကြပါစေ၊ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေကြောင်း ဆုတောင်းပေးလိုက်ပါသည်။

ရိုးမ အာရက္ခလူငယ်များ ပရဟိတအသင်း
Page Link – Yoma Arakkha YCA Facebook Page


#စစ်ရှောင်ပြည်သူ
#စားနပ်ရိက္ခာလိုအပ်
#ကျန်းမာရေးစောင့်ရှောက်မှု
#အာရက္ခပြည်

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

Exit mobile version