ရက်စွဲ – 24.5.2026
အာရက္ခပြည်အတွင်းတွင် နေထိုင်ရန် နေရာအဆင်မပြေမှုများ၊ ရေရှားပါးမှုနှင့် အမိုးအကာ မလုံလောက်မှုတို့ကြောင့် အခက်အခဲဖြစ်နေကြရသော စစ်ရှောင်ပြည်သူများအတွက် ပရဟိတအဖွဲ့များနှင့် တစ်ဦးချင်း အလှူရှင်များ လှူဒါန်းထားသည့် အလှူငွေများဖြင့် ဆောက်လုပ်ထားသော အိမ်များနှင့် ရေတွင်းတူးဖော်ထားမှု မှတ်တမ်းဖြစ်ပါသည်။
ယခုကဲ့သို့ လှူဒါန်းပေးရသော အကျိုးကျေးဇူးကြောင့် ပရဟိတအသင်းမှ အသင်းသူ၊ အသင်းသားများနှင့် အလှူရှင်အပေါင်းတို့သည် သက်ရှည်ကျန်းမာ၍ ချမ်းသာကြပါစေ။ လိုအင်ဆန္ဒများ ပြည့်ဝကြပါစေ။ စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေ။
Link – https://youtu.be/TXzJVGVbZT8
#စစ်ရှောင်ပြည်သူ
#စားနပ်ရိက္ခာလိုအပ်
#ကျန်းမာရေးစောင့်ရှောက်မှု
#အာရက္ခပြည်
