Home Donors ရက္ခိတမျိုးချစ် လူငယ်အသင်း၏ ဆေးဝါးလှူဒါန်းမှု မှတ်တမ်း

ရက္ခိတမျိုးချစ် လူငယ်အသင်း၏ ဆေးဝါးလှူဒါန်းမှု မှတ်တမ်း

0

ရက်စွဲ – ၆.၆.၂၀၂၆

စေတနာ အာရက္ခပြည်သူအကျိုးပြု ကျောက်ဖြူဆေးခန်းတွင် ဆေးဝါးများ ဝယ်ယူအသုံးပြုနိုင်ရန်အတွက် ရက္ခိတမျိုးချစ် လူငယ်အသင်း (ဘန်ကောက်၊ ထိုင်းနိုင်ငံ) မှ ငွေကျပ် (၅၇) သိန်းကို ၂၀၂၆ ခုနှစ် မေလ (၁၁) ရက်နေ့တွင် ကူညီလှူဒါန်းထောက်ပံ့ပေးခဲ့ပါသည်။

ကျောက်ဖြူဒေသတွင် တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရသည့် ပြည်သူများအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် စားနပ်ရိက္ခာ လိုအပ်ချက်များ ရှိနေဆဲဖြစ်ပါသည်။

ယခုကဲ့သို့ ပြည်သူများအား ဆေးဝါးကုသပေးနိုင်ရန်အတွက် ဆေးဝါးလှူဒါန်းပေးသော ရက္ခိတမျိုးချစ် လူငယ်အသင်းအား မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

ထို့အပြင် ဆေးခန်းလည်ပတ်နိုင်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းကူညီထောက်ပံ့ လှူဒါန်းပေးကြသည့် တစ်ဦးချင်း အလှူရှင်များနှင့် ပရဟိတအဖွဲ့အစည်းများအားလုံးကို အာရက္ခပြည်သူများကိုယ်စား အထူးကျေးဇူးတင်ရှိပါသည်။


ဆေးခန်း ရန်ပုံငွေရှာဖွေရေးအဖွဲ့တွင် ပါဝင်လိုပါက အောက်ပါလင့်ခ်တွင် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

https://www.facebook.com/SaetanaABCFBA


#စေတနာအာရက္ခဆေးခန်း
#အာရက္ခပြည်သူ
#MobileClinic
#ကွင်းဆင်းဆေးကုသမှု
#အခမဲ့ဆေးခန်း

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

Exit mobile version