Date – 23.5.2026
Video ဖိုင်များ မရရှိသေးသော ပရဟိတအသင်းများ၊ အလှူရှင်များသည် Page Messenger မှတဆင့် ဆက်သွယ်နိုင်ပါသည်။
အာရက္ခပြည်တွင် နေထိုင်ရန် နေရာအဆင်မပြေမှုများ၊ ရေရှားပါးမှုနှင့် အမိုးအကာ မလုံလောက်မှုတို့ကြောင့် အခက်အခဲကြုံတွေ့နေရသော စစ်ရှောင်ပြည်သူများအတွက် ပရဟိတအဖွဲ့များနှင့် တစ်ဦးချင်း အလှူရှင်များ လှူဒါန်းထားသော အလှူငွေများဖြင့် အိမ်များနှင့် ရေတွင်းများ တူးဖော်ဆောက်လုပ်ထားသော မှတ်တမ်းဗီဒီယိုဖိုင်ကို တင်ပြပေးလိုက်ပါသည်။
ဤကဲ့သို့ လှူဒါန်းပေးသော ကုသိုလ်အကျိုးကြောင့် ပရဟိတအသင်းမှ အသင်းသူ၊ အသင်းသားများနှင့် အလှူရှင်အပေါင်းတို့သည် သက်ရှည်ကျန်းမာ၍ ချမ်းသာစွာဖြင့် လိုအင်ဆန္ဒများ ပြည့်ဝကြပါစေ။ စိတ်ချမ်းသာမှု၊ ကိုယ်ကျန်းမာမှုတို့နှင့် ပြည့်စုံနိုင်ကြပါစေ။
Link – https://youtu.be/ZcA9SIEjeWw
#စစ်ရှောင်ပြည်သူ
#စားနပ်ရိက္ခာလိုအပ်
#ကျန်းမာရေးစောင့်ရှောက်မှု
#အာရက္ခပြည်

