Home Mobile Clinic စေတနာ ရက္ခပြည်သူအကျိုးပြုဆေးခန်း၏ (၅) ကြိမ်မြောက် ကွင်းဆင်းဆေးကုသမှတ်တမ်း (၁)

စေတနာ ရက္ခပြည်သူအကျိုးပြုဆေးခန်း၏ (၅) ကြိမ်မြောက် ကွင်းဆင်းဆေးကုသမှတ်တမ်း (၁)

0
648
video
play-rounded-fill

🗓 နေ့စွဲ – ၂၄ စက်တင်ဘာ ၂၀၂၅

လက်ရှိ စစ်ရှောင်ပြည်သူများတွင် ငှက်ဖျားရောဂါ၊ ရာသီအပြောင်းအလဲကြောင့် ဖြစ်တတ်သည့် ရောဂါများအပါအဝင် အမျိုးမျိုးသော ရောဂါများ ခံစားနေရကြသည်။ ထို့ကြောင့် စစ်ရှောင်စခန်းများရှိ အာရက္ခပြည်သူများအတွက် စက်တင်ဘာ (၁၊ ၂) ရက်နေ့များတွင် စေတနာ ရက္ခပြည်သူအကျိုးပြုဆေးခန်းမှ နှစ်ရက်တိတိ သွားရောက်ကာ ကွင်းဆင်းဆေးကုသမှုများ ပြုလုပ်ခဲ့ပါသည်။

ကလေးများအချို့တွင် အရေပြားရောဂါ၊ ယားနာရောဂါ၊ ဝမ်းပျက်ဝမ်းလျှော စသည်တို့ ဖြစ်ပေါ်နေကြပါသည်။

ကျွန်ုပ်တို့ အဖွဲ့က ကွင်းဆင်းဆေးကုသမှု လုပ်ဆောင်သည့်အခါ ဒေသခံ စစ်ရှောင် ရခိုင်များနှင့် အခြား မျိုးနွယ်စုများပါ လူမျိုး ဘာသာမရွေး ကုသပေးခဲ့ပါသည်။

ဤကွင်းဆင်းဆေးကုသမှုအတွက် Arakan FC Japan က လှူဒါန်းသည့် ငွေ (သိန်း ၃၀၀) ထဲမှ (သိန်း ၄၀) ကို အသုံးပြုပြီး စက်တင်ဘာ (၁၊ ၂) ရက်နေ့များတွင် ဆေးကုသနိုင်ခဲ့ပါသည်။

ဆေးခန်းရံပုံငွေ တည်ဆောက်ရန် အသင်းဝင်လိုသူများအတွက် အောက်ပါ လင့်(ခ်) တွင် ဝင်ရောက်စုံစမ်းနိုင်ပါသည်။
👉 Page – https://www.facebook.com/SaetanaABCFBA

🌐 Website – https://saetanarclinic.com/

📺 YouTube – https://youtu.be/1Bzobed9mAA

🎵 TikTok – https://www.tiktok.com/@saetanarclinic
#MobileClinic

ကွင်းဆင်းဆေးကုသမှု

စစ်ရှောင်ပြည်သူ

အာရက္ခဒေသ

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here