Date – 27.2.2026
စေတနာ အာရက္ခ ပြည်သူအကျိုးပြု ဆေးခန်းသို့ လာရောက် ဆေးကုသခံယူနေသော လူနာအရေအတွက်သည် တစ်ရက်လျှင် (၃၀) ဦးကျော်အထိ ရှိနေပါသည်။
ဆေးခန်းကို ပိတ်ရက်မရှိဘဲ စေတနာ့ဝန်ထမ်းများ၏ နေ့စဉ်ကြိုးပမ်းအားထုတ်မှုဖြင့် လူနာများကို စေတနာ၊ ဝါသနာ၊ အနစ်နာခံမှုဖြင့် ဂရုတစိုက် ကူညီစောင့်ရှောက် ကုသပေးနေပါသည်။






ဆေးကုသစရိတ်အားလုံးကို အခမဲ့ဖြစ်ပြီး ဝေးလံခေါင်ဖျားသော ဒေသများမှ လာရောက်ကုသသော လူနာများနှင့် လူနာစောင့်များအတွက်လည်း ညအိပ်ရန်နေရာ၊ ညစာနှင့် ထမင်းစားသောက်ရေးအတွက် ဆေးခန်းမှ စီစဉ်ပြင်ဆင်ပေးထားပါသည်။
အဝေးက လမ်းလျှောက်လာရသော လူနာများအတွက်လည်း ပြန်လမ်းစရိတ်များကို ကူညီထောက်ပံ့ပေးထားပါသည်။






ဒေသတွင်းရှိ အာရက္ခ စစ်ရှောင်ပြည်သူများ၏ ကျန်းမာရေးနှင့် စားဝတ်နေရေးအတွက် ကူညီထောက်ပံ့ပေးနိုင်ရန် ပြည်တွင်း၊ ပြည်ပရှိ ပရဟိတအသင်းများ၊ တစ်ဦးချင်း အလှူရှင် စေတနာရှင်များနှင့် စေတနာအာရက္ခ ပြည်သူအကျိုးပြု ဆေးခန်း ရံပုံငွေရှာဖွေရေးအဖွဲ့၏ ကူညီထောက်ပံ့လှူဒါန်းမှုများကြောင့် ယနေ့အချိန်ထိ အာရက္ခမိဘပြည်သူများ၊ စစ်ရှောင်ပြည်သူများကို ကူညီထောက်ပံ့နိုင်ခဲ့ပြီး ကျန်းမာရေးဒါန ပြုလုပ်နိုင်ခဲ့ပါသည်။







လက်ရှိအချိန်တွင် ဆေးခန်းတွင် ဆေးဝါးပြတ်လပ်မှု အခက်အခဲများရှိနေသော်လည်း စစ်ရှောင်ပြည်သူများကို ကြိုးစား၍ ဆက်လက်ကုသပေးနေပါသည်။
စေတနာရှင်များ၊ အလှူရှင်အမျိုးမျိုး၊ ပရဟိတအဖွဲ့သားများအားလုံး အသက်ရှည်ကျန်းမာကြပြီး စီးပွားရေးကောင်းမွန်ကာ ပြည်သူအကျိုးကို ယခင်ထက်ပိုမို ထမ်းဆောင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။
YouTube – https://www.youtube.com/@SaetanarArakkhaClinic
Website – https://saetanarclinic.com/
TikTok – https://www.tiktok.com/@saetanarclinic
ဆေးခန်း ရံပုံငွေရှာဖွေရေးအသင်းတွင် ဝင်ရောက်လိုပါက အောက်ပါလင့်တွင် မေးမြန်းနိုင်ပါသည်။
https://www.facebook.com/SaetanaABCFBA
#တာဝန်ခံများ
R Gree – Founder and Chief Ground Officer of Arakan State –
Arakkha Zin Myo – Co-founder and Chief Executive Officer of Thailand – 083 6643107
AyeAye Win – In charge of Australia – 0478126592
Wai Wai – in charge of Malaysia – +60183561286
Shwe Khaing Thu – in charge of US – 3157948951
Zaw Min Htay – In charge of Bangladesh – 01870067016
#စေတနာအာရက္ခဆေးခန်း
#အာရက္ခပြည်သူ
#MobileClinic
#ကွင်းဆင်းဆေးကုသမှု
#အခမဲ့ဆေးခန်း

