နေ့စွဲ – ၂၁.၃.၂၀၂၆
အာရက္ခဒေသအတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် အိမ်ခြေ (၄၀) ခန့်ကို အရေးပေါ် ဆောက်လုပ်ရန် လိုအပ်နေပါသည်။ လက်ရှိတွင် အမျိုးမြတ်သာဂီနွယ် ပရဟိတအသင်းမှ ကျပ်သိန်း (၇၀) မတည်၍ စစ်ဘေးရှောင်များ နေထိုင်ရန် အိမ်များကို ဆောက်လုပ်ပေးနေပါသည်။
ဆောက်လုပ်ရေးပစ္စည်းများ၏ ခန့်မှန်းစျေးနှုန်းများမှာ–
- အုန်း (၁၀၀) လုံးလျှင် ကျပ် (၃၃,၀၀၀) မှ (၃၅,၀၀၀)
- ဝါးနက် တစ်လုံးလျှင် ကျပ် (၁၀,၀၀၀)
- ဝါး (၁၀၀) လုံးလျှင် ကျပ် (၁၅,၀၀၀ ခန့်)
တိုင်များ၊ ဝါးများနှင့် အုန်းများ အများအပြား လိုအပ်နေပါသဖြင့် မိမိတို့၏ တတ်နိုင်သမျှ ပါဝင်ကူညီ လှူဒါန်းနိုင်ပါသည်။

လက်ရှိမှာ နွေရာသီဖြစ်သော်လည်း မကြာမီ မိုးရာသီ ရောက်ရှိလာမည်ဖြစ်ပြီး မြေပြင်ပေါ်တွင်သာ နေထိုင်ရသည့် အခြေအနေများကြောင့် အိမ်အသစ်များ ဆောက်လုပ်ရန် အရေးတကြီး လိုအပ်နေပါသည်။
ထို့အပြင် စခန်းတွင် နေထိုင်နေသော စစ်ဘေးရှောင်ပြည်သူများသည် စားနပ်ရိက္ခာ မလုံလောက်မှု ပြဿနာများကိုလည်း ရင်ဆိုင်နေရပါသည်။
တာဝန်ခံများ
- R Gree – Founder & Chief Ground Officer (Arakan State)
- Arakkha Zin Myo – Founder & Chief Executive Officer (Thailand) – 083 664 3107
#စစ်ဘေးရှောင်ပြည်သူ
#အာရက္ခပြည်သူ
#စားနပ်ရိက္ခာလိုအပ်
#အမိုးအကာလိုအပ်

