Home Statement ဝမ်းနည်းကြောင်း သဝဏ်လွှာ

ဝမ်းနည်းကြောင်း သဝဏ်လွှာ

0
214


နေ့စွဲ – ၁၃၈၇ ခုနှစ် တန်ဆောင်မုန်းလဆန်း ၇ ရက်၊ တနင်္လာနေ့ (၂၀၂၅ ပြည့်နှစ် အောက်တိုဘာ ၂၇ ရက်)

အကြောင်းအရာ –

၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့တွင် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အာရက္ခတိုင်းဒေသအတွင်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကွန်းတောင်ရွာတွင် ဖြစ်ပွားခဲ့သော မတော်တဆဖြစ်ရပ်တစ်ရပ်တွင် ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း (လူမှုကူညီရေးအသင်း) မှ အရေးပေါ်လူနာသယ်ယူမှုအတွက် သွားရောက်ကူညီနေသော အသက် (၁၄) နှစ်အရွယ် မောင်ဌေးအောင်ဟိန်း (ခေါ်) ကိုလတ် သည် စစ်ကောင်စီ၏ လေကြောင်းဒရုန်းဗုံးကျရောက်ပေါက်ကွဲမှုအတွင်းတွင် အသက်ဆုံးရှုံးခဲ့ပါသည်။

အသက်အငယ်စွာရှိသော်လည်း မိမိလူမျိုးအတွက် ချစ်မြတ်နိုးသော စေတနာနှင့် ဝါသနာဖြင့် မိမိအသက်ကို စောင့်ရှောက်ခြင်းမရှိဘဲ လစာမရှိ၊ ခန္ဓာပင်ပန်းခြင်း၊ စိတ်ပင်ပန်းခြင်း မစဉ်းစားဘဲ အာရက္ခပြည်သူအတွက် စေတနာဖြင့် လူမှုကူညီရေးအလုပ်များကို လုပ်ဆောင်ခဲ့သူ ဖြစ်ပါသည်။

ယခုအခါ မောင်ဌေးအောင်ဟိန်း (ခေါ်) ကိုလတ် ၏ သေဆုံးမှုသည် မိဘများနှင့် ဆွေမျိုးသူအများအပြားသာမက အာရက္ခပြည်သူတစ်ရပ်လုံးနှင့် ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း အသင်းသားများအပါအဝင် အားလုံးအတွက် အလွန်ဝမ်းနည်းဖွယ်ဖြစ်စေပါသည်။ ထို့အပြင် စေတနာအာရက္ခပြည်သူအကျိုးပြုဆေးခန်း၊ စေတနာအာရက္ခပြည်သူအကျိုးပြုဆေးခန်း ရံပုံငွေရှာဖွေရေးအသင်း နှင့် အာရက္ခအများပြည်သူပရဟိတအဖွဲ့ တို့မှလည်း အတူတူ စိတ်မကောင်းဖြစ်ရပါသည်။

ဝါသနာနှင့် စေတနာကို အခြေခံ၍ မိမိလူမျိုးအတွက် အသက်စွန့် လုပ်ဆောင်ခဲ့သော မောင်ဌေးအောင်ဟိန်း (ခေါ်) ကိုလတ် ၏ စေတနာ၊ အနစ်နာခံမှုနှင့် ဝါသနာကို ဂုဏ်ပြုအပ်ပြီး ၎င်း၏ သေဆုံးမှုအပေါ် ဝမ်းနည်းကြောင်း သဝဏ်လွှာကို တင်ပြအပ်ပါသည်။

လက်မှတ်ထိုးသူ –
အာရက္ခ ဇင်မျိုး “စေတနာ” အာရက္ခပြည်သူအကျိုးပြုဆေးခန်း
(နိုင်ငံတကာဆက်ဆံရေးနှင့် သတင်းအချက်အလက်တာဝန်ခံ၊ ပူးတွဲတည်ထောင်သူ)

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here