နေ့စွဲ – ၁၈ ဧပြီ ၂၀၂၆
မိမိတို့၏ အာရက္ခပြည်ကြီးအား မိမိတို့ပိုင်ဆိုင်နိုင်ရေးအတွက် အသက်နှင့်အရင်းပြု၍ ရဲဝံ့စွာ တိုက်ပွဲဝင်လျက်ရှိသော အာရက္ခတပ်တော်ကြီး၊ မိမိတို့၏ပြည်တွင်း၌ အခက်အခဲအမျိုးမျိုး၊ ဒုက္ခအပေါင်းတို့ကို ခံယူရင်ဆိုင်ကာ မိမိတို့၏ မြေယာနှင့် လူမျိုးကို ကာကွယ်စောင့်ရှောက်နေကြသော ပြည်သူအပေါင်းတို့၊ ထို့ပြင် အာရက္ခပြည်သူများအား ကူညီထောက်ပံ့ပေးလျက်ရှိသော HDCO နှင့် လူမှုရေးပရဟိတအဖွဲ့အစည်းများ၊ ပြည်ပရောက် ပရဟိတအဖွဲ့အစည်းများ၊ ဆေးဘက်ဆိုင်ရာ အထောက်အပံ့များအတွက် လှူဒါန်းပေးကြသော အလှူရှင်အပေါင်းတို့အား—
နှစ်သစ်ကာလတွင် အသက်ရှည်၍ ကျန်းမာချမ်းသာကြပါစေ၊ စိတ်၏ချမ်းသာခြင်းနှင့် ကိုယ်၏ကျန်းမာခြင်းတို့ ပြည့်စုံကြပါစေ၊ မျှော်မှန်းတောင့်တသမျှ အကျိုးရလဒ်များကို ပြည့်ဝစွာ ရရှိနိုင်ကြပါစေဟု နှလုံးသားဖြင့် ဆုမွန်ကောင်း တောင်းအပ်ပါသည်။
ထို့အပြင် မကြာမီကာလအတွင်း စစ်ဘေးအပါအဝင် ဘေးအန္တရာယ်အပေါင်းမှ လွတ်မြောက်၍ လွတ်လပ်သောဘဝကို အမြန်ဆုံး ရရှိနိုင်ကြပါစေကြောင်း မိမိတို့အဖွဲ့သားများမှ အလေးအနက် ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

