Date – 22.2.2026
အလှူရှင် မိဘညီအစ်ကိုမောင်နှမများအားလုံးကို မင်္ဂလာပါ။
ကျွန်ုပ်တို့၏ စေတနာအာရက္ခ ပြည်သူအကျိုးပြုဆေးခန်းမှ မကြာမီကာလအတွင်း အာရက္ခဒေသရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု Mobile Clinic (ကွင်းဆင်း) ဆေးကုသရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
စေတနာအာရက္ခ ပြည်သူအကျိုးပြုဆေးခန်းကို အဖက်ဖက်မှ ဝိုင်းဝန်းကူညီလှူဒါန်းပေးကြသော တစ်ဦးချင်းအလှူရှင်များနှင့် ပရဟိတအသင်းအဖွဲ့များအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။

ယခုကဲ့သို့ လှူဒါန်းပေးကြသည့် အကျိုးကျေးဇူးကြောင့် စေတနာရှင်များ၊ အလှူရှင်များ၊ ပရဟိတအသင်းသားများအားလုံးသည် အသက်ရှည်ကျန်းမာ၍ ချမ်းသာစွာ နေထိုင်နိုင်ကြပါစေကြောင်း၊ ထို့အပြင် ပြည်သူအကျိုးအတွက် ယခုထက်မက ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။
YouTube – https://youtu.be/hb50L-TKd6I
Website – https://saetanarclinic.com/?p=2425
TikTok – https://www.tiktok.com/@saetanarclinic
ဆေးခန်း ရံပုံငွေရှာဖွေရေးအသင်းတွင် ပါဝင်လိုပါက အောက်ပါလင့်ခ်တွင် မေးမြန်းနိုင်ပါသည်။
https://www.facebook.com/SaetanaABCFBA
#တာဝန်ခံများ
R Gree – Founder and Chief Ground Officer of Arakan State
Arakkha Zin Myo Oo – Co-founder and Chief Executive Officer of Thailand – 083 6643107
Aye Aye Win – In charge of Australia – 0478126592
Wai Wai – In charge of Malaysia – +60183561286
Shwe Khaing Thu – In charge of US – 3157948951
Zaw Min Htay – In charge of Bangladesh – 01870067016

