Home Donation ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးမိခင်များ၊ ကလေးများကို ဆေးခန်းတွင် အခမဲ့ ဆေးကုသပြီး ကူညီလှူဒါန်းခြင်း

ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးမိခင်များ၊ ကလေးများကို ဆေးခန်းတွင် အခမဲ့ ဆေးကုသပြီး ကူညီလှူဒါန်းခြင်း

0
15

Date – 5.9.2025

ပရဟိတအသင်းများနှင့် အလှူရှင်များအားလုံးအား ဂါရဝပြုပါသည်။

ဆေးခန်းသို့ လာရောက်ပြီး ဆေးကုသမှုများကို လုပ်ဆောင်ခဲ့သော စစ်ရှောင်ပြည်သူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးမိခင်များနှင့် ကလေးများအတွက် ဆေးခန်းကို ပရဟိတအသင်းများ၊ အလှူရှင်များ လှူဒါန်းထားသည့် အလှူငွေ ထဲမှ ပြန်လည်အသုံးပြု၍ ဆေးကုသမှုများ ပြုလုပ်ပေးသည့်အပြင် ကိုယ်ဝန်ဆောင်မိခင်များအတွက် ဆေးဝါးများ ဝယ်ယူသောက်သုံးနိုင်ရန် ကူညီလှူဒါန်းမှုများကိုလည်း လုပ်ဆောင်ပေးခဲ့ပါသည်။

လက်ရှိ စစ်ရှောင်ပြည်သူများတွင် အမိုးအကာမလုံခြုံမှုများ၊ စားဝတ်နေရေး အခက်အခဲများရှိနေသည့်အပြင် ငှက်ဖျားရောဂါ၊ ရာသီအပြောင်းအလဲကြောင့် ဖြစ်တတ်သည့် အခြားရောဂါများစွာကိုလည်း ကြုံတွေ့ခံစားနေရပါသည်။

ထို့ကြောင့် အဖက်ဖက်မှ ဝိုင်းဝန်းကူညီပြီး နိုင်သမျှ လှူဒါန်းကူပံ့နိုင်ရန် တောင်းပန်အပ်ပါသည်။ ပရဟိတအသင်းများနှင့် အလှူရှင်အပေါင်းတို့အား အထူးကျေးဇူးတင်ရှိပါသည်။


ဆေးခန်းရံပုံငွေ တည်ဆောက်ရေးအသင်း တွင် အသင်းဝင်ဖြစ်လိုပါက အောက်ပါလင့်ခ်မှ ဝင်ရောက်စုံစမ်းနိုင်ပါသည်။

🔗 Pagehttps://www.facebook.com/SaetanaABCFBA

——————————–


🌐 Websitehttps://saetanarclinic.com/
▶️ YouTubehttps://www.youtube.com/@SaetanarArakkhaClinic
🎵 TikTokhttps://www.tiktok.com/@saetanarclinic

#MobileClinic
#ကွင်းဆင်းဆေးကုသမှု
#စစ်ရှောင်ပြည်သူ
#အာရက္ခဒေသ

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here