နေ့စွဲ – ၃၀-၈-၂၀၂၅
ပရဟိတအသင်းများနှင့် အလှူရှင်အပေါင်းတို့အား ဂါရဝပြုပြီး လေးစားစွာ တင်ပြအပ်ပါသည်။
အာရက္ခဒေသအတွင်းရှိ စစ်ရှောင်ပြည်သူများတွင် စားနပ်ရိက္ခာအလျော့ကျမှုနှင့်အတူ အရေပြားရောဂါများ အပါအဝင် အမျိုးမျိုးသော ကျန်းမာရေးပြဿနာများ ပေါ်ထွက်နေပါသည်။
စစ်ရှောင်ပြည်သူများအနေဖြင့် အမိုးအကာ မလုံလောက်ခြင်း၊ စားဝတ်နေရေး အခက်အခဲများ၊ ကျန်းမာရေးအထောက်အထားများ မပြည့်စုံခြင်း စသည့် အခြေအနေများ ကြုံတွေ့နေရပါသည်။






အထူးသဖြင့် စစ်ရှောင်ပြည်သူများထဲတွင် ငှက်ဖျားရောဂါ၊ ရာသီအလှည့်အပြောင်းကြောင့် ဖြစ်တတ်သော ရောဂါများ၊ ဝမ်းပျက်ဝမ်းလျှော၊ ယားနာ၊ ဆီးချို၊ သွေးချို၊ လေးဘက်နာ၊ တုတ်ကွေး၊ တီဘီရောဂါနှင့် အခြားအမျိုးမျိုးသော ရောဂါများကို ခံစားနေရပါသည်။
လူငယ်များအတွင်းတွင်လည်း အရေပြားရောဂါများ၊ ယားနာများ ပိုမိုဖြစ်ပွားနေပါသည်။
ကျွန်တော်တို့ အဖွဲ့က ကွင်းဆင်းပြီး ဆေးကုသမှု ပြုလုပ်ရာတွင် ဒေသခံ စစ်ရှောင် ရခိုင်များနှင့် မျိုးနွယ်စုမျိုးစုံအား လူမျိုး ဘာသာမရွေး ကုသနိုင်ခဲ့ပါသည်။






ဤဆေးကုသမှုလုပ်ငန်းများအတွက် ARAKAN FC (Japan) မှ လှူဒါန်းသော ငွေသိန်း (၃၀၀) ထဲမှ သိန်း (၄၀) ကို အသုံးပြု၍ ၂၇၊ ၂၈ နှစ်ရက်တာ ကုသပေးခဲ့ပါသည်။





ဆေးခန်း တွဲဖက်တည်ထောင်သူ – Arakkha Zin Myo
(ပြန်ကြားရေး၊ နိုင်ငံတကာဆက်ဆံရေး)
ဆေးခန်း ရံပုံငွေ တည်ဆောက်ရေးအသင်း တွင် ဝင်ရောက်ပါလိုသူများအတွက် အောက်ပါ လင့်(ခ်) မှ စုံစမ်းနိုင်ပါသည် –
🔗 Page – https://www.facebook.com/SaetanaABCFBA
🔗 YouTube – https://youtu.be/zsg1XfMlxPs
🔗 Website – https://saetanarclinic.com/?p=1830
🔗 TikTok – https://www.tiktok.com/@saetanarclinic