Home About ဆေးခန်း၏ ရည်မှန်းချက်နှင့် လုပ်ဆောင်ချက်များ

ဆေးခန်း၏ ရည်မှန်းချက်နှင့် လုပ်ဆောင်ချက်များ

0

“စေတနာ” အာရက္ခပြည်သူ အကျိုးပြုဆေးခန်း

စေတနာ့ဝန်ထမ်းများ၏ ခံယူချက်စာတမ်း

“စေတနာ” အာရက္ခပြည်သူ အကျိုးပြုဆေးခန်း၏ စေတနာ့ဝန်ထမ်းများသည် အာရက္ခဒေသရှိ ပြည်သူများ၏ ကျန်းမာရေးနှင့် လူမှုဘဝကောင်းမွန်ရေးကို မြှင့်တင်နိုင်ရန် ကတိပြုထားပါသည်။ လူသားချင်းစာနာထောက်ထားရေးနှင့် အများပြည်သူအကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်ရာတွင် အောက်ပါခံယူချက်များကို လိုက်နာကျင့်သုံးပါသည်—

(၁) ဆေးခန်း၏ ရေရှည်တည်တံ့ရေးကို အာမခံနိုင်ရန်နှင့် အာရက္ခဒေသရှိ ပြည်သူများအား ထိရောက်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်မည်။

(၂) တိုင်းပြည်နှင့် ပြည်သူအပေါ် သစ္စာရှိစွာဖြင့် ပြည်သူ့အကျိုးအတွက် စိတ်ရင်းမှန်၊ အားထုတ်မှုနှင့် တာဝန်သဘောထားဖြင့် ဆောင်ရွက်မည်။

(၃) လူမျိုး၊ ဘာသာ မခွဲခြားဘဲ ပြည်သူအားလုံးကို ဝန်ဆောင်မှုပေးပြီး မိမိတို့၏ စွမ်းအားအတိုင်း ဒေသခံပြည်သူများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အများအကျိုးအတွက် ဆောင်ရွက်မည်။

(၄) ကျန်းမာရေးဝန်ဆောင်မှု မလုံလောက်သည့် ဝေးလံခေါင်ဖျားဒေသများသို့ လက်လှမ်းမီအောင် ကြိုးပမ်း၍ လိုအပ်နေသူများအား အခြေခံကျန်းမာရေးဝန်ဆောင်မှုများ ပေးနိုင်ရန် ဆောင်ရွက်မည်။

(၅) ဆေးခန်း၏ ရေရှည်တည်တံ့ရေးကို ခိုင်မာစေရန် အလှူရှင်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ ဒေသခံပြည်သူများအား ဆက်လက်ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရန် ဆောင်ရွက်မည်။


ထုတ်ပြန်ချက်
“စေတနာ” အာရက္ခပြည်သူ အကျိုးပြုဆေးခန်း
စေတနာ့ဝန်ထမ်းအဖွဲ့


ဆေးခန်းတည်ဆောက်ရန် အလှူရှင်များ

မြောင်ချောင်း လူငယ်များ ကူညီရေးအသင်းမှ “စေတနာ” အာရက္ခပြည်သူ အကျိုးပြုဆေးခန်း ဖွင့်လှစ်နိုင်ရန် ကျပ် ၉.၆၇ သန်း လှူဒါန်းခဲ့ပါသည်။ ယင်းဆေးခန်းကို အာရက္ခဒေသတွင် တိုက်ပွဲများကြောင့် ပြောင်းရွှေ့နေထိုင်ရသည့် မိဘများနှင့် ကလေးများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ကျောက်ဖြူမြို့နယ်တွင် တည်ဆောက်နေသော ဆေးခန်းအတွက် မလေးရှားအခြေစိုက်ဖြစ်ပြီး ထိုင်းနိုင်ငံတွင်လည်း လှုပ်ရှားနေသော အာရက္ခအလင်း ပရဟိတအသင်းမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျပ် ၂၅,၀၀၀,၀၀၀ (သိန်း ၂၅၀) လှူဒါန်းခဲ့ပါသည်။

၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့တွင် “စေတနာ” အာရက္ခပြည်သူ အကျိုးပြုဆေးခန်း (၂) ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါသည်။

ဆေးခန်း ပြောင်းရွှေ့ရသည့် အခြေအနေကြောင့် ထိုင်းနိုင်ငံအခြေစိုက် Kularkkhita ပရဟိတဖောင်ဒေးရှင်းမှ ထပ်မံ၍ ကျပ် ၄,၅၆၀,၀၀၀ လှူဒါန်းခဲ့ပြီး ယာယီဆေးခန်းတစ်ခုကိုလည်း တည်ဆောက်နိုင်ခဲ့ပါသည်။

_____________

Responsible Officials

Founder R Gree

_____________________________________________

Arakkha Zin Myo

_____________________________________________

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

Exit mobile version