Home Charity ကျောက်ဖြူစစ်ရှောင်ပြည်သူများအတွက် ရက္ခိုင်အစည်းအရုံး (ဂျပန်) မှ ကျပ် ၁၂,၇၂၂,၆၀၀ လှူဒါန်း

ကျောက်ဖြူစစ်ရှောင်ပြည်သူများအတွက် ရက္ခိုင်အစည်းအရုံး (ဂျပန်) မှ ကျပ် ၁၂,၇၂၂,၆၀၀ လှူဒါန်း

0

စစ်ရှောင်အလှူ (၀၉၃)

အာရက္ခပြည်၊ ကျောက်ဖြူမြို့နယ်ဘက်တွင် စစ်ကောင်စီက ပြည်သူများ နေထိုင်ရာ ရပ်ရွာများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသဖြင့် အပြစ်မဲ့ပြည်သူများသည် အိုးအိမ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေရပါသည်။

ထိုသို့သော အခြေအနေအရ မိမိတို့ပြည်သူများ ရင်ဆိုင်နေရသည့် အခက်အခဲများကို လူသားချင်းစာနာထောက်ထားမှုအရ ကူညီထောက်ပံ့နိုင်ရန် ရက္ခိုင်အစည်းအရုံး (ဂျပန်) မှ ကျပ် ၁၂,၇၂၂,၆၀၀ (ကျပ်တစ်ဆယ့်နှစ်သန်း ခုနစ်သိန်း နှစ်သောင်း နှစ်ထောင် ခြောက်ရာ) ကို R Gree နှင့် အများပြည်သူ ပရဟိတအကျိုးတော်ဆောင်အဖွဲ့မှ တဆင့် စစ်ရှောင်ပြည်သူများအတွက် ကူညီလှူဒါန်းခဲ့ပါသည်။

ယခုကဲ့သို့ စစ်ရှောင်ပြည်သူများအတွက် ကူညီလှူဒါန်းပေးခဲ့သည့် အလှူရှင် ရက္ခိုင်အစည်းအရုံး (ဂျပန်) အဖွဲ့ဝင်များနှင့် ကူညီပံ့ပိုးပေးကြသော အလှူရှင် မိဘပြည်သူအပေါင်းတို့အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပြီး သက်ရှည်ကျန်းမာ ချမ်းသာစွာဖြင့် အာရက္ခပြည်သူများ၏ အကျိုးကို ယခုထက်ပိုမို၍ သယ်ပိုးဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။


ရက္ခိုင်အစည်းအရုံး-ဂျပန်
Page Link – https://www.facebook.com/ArakanUnionJapan

တာဝန်ခံများ

R Gree – Founder and Chief Ground Officer of Arakan State
Zin Myo Oo – Founder and Chief Executive Officer of Thailand
ဖုန်း – ၀၈၃ ၆၆၄ ၃၁၀၇

#စစ်ရှောင်ပြည်သူ
#စားနပ်ရိက္ခာလိုအပ်
#အမိုးအကာ
#ကျန်းမာရေးစောင့်ရှောက်မှု
#ကျောက်ဖြူစစ်ရှောင်
@followers

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

Exit mobile version