Home Charity ကျောက်ဖြူမြို့နယ်ရှိ စစ်ရှောင်ပြည်သူများအတွက် နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာလိုအပ်ချက်များ

ကျောက်ဖြူမြို့နယ်ရှိ စစ်ရှောင်ပြည်သူများအတွက် နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာလိုအပ်ချက်များ

0

နေ့စွဲ – 18.9.2025

အာရက္ခဒေသအတွင်း တိုက်ပွဲများ ပြင်းထန်နေသဖြင့် ကျောက်ဖြူမြို့နယ်ရှိ စစ်ရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာ၊ နေရာထိုင်ခင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အလွန်လိုအပ်နေပါသည်။

မကြာသေးမီက စစ်ရှောင်ပြည်သူများအနေအထားကို R Gree ကိုယ်တိုင် လေ့လာသည့်အခါ စားနပ်ရိက္ခာ၊ နေရာထိုင်ခင်း၊ ကျန်းမာရေးအပြင် စစ်ရှောင်ပြည်သူအချို့အတွက် ပညာရေးဆိုင်ရာ အထောက်အပံ့များလည်း အရေးကြီးစွာ လိုအပ်နေကြောင်း တွေ့ရှိရပါသည်။ ထိုထဲတွင် စာအုပ်စာပေ၊ ခဲတံ၊ ဖောင်တိန်နှင့် ကျောင်းဆိုင်ရာ သုံးစရိတ်များပါဝင်ပါသည်။

ထို့ကြောင့် စစ်ရှောင်ပြည်သူများအတွက် အချိန်မီ ကူညီနိုင်ရေးအတွက် R ကြီးနှင့် အများပြည်သူ ပရဟိတအကျိုးတော်ဆောင်အဖွဲ့ထံ တိုက်ရိုက်လှူဒါန်းနိုင်ပြီး နီးစပ်ရာ အဖွဲ့အစည်းများမှလည်း ဝိုင်းရံကူညီပေးဖို့ တိုက်တွန်းအပ်ပါသည်။

ချစ်ခင်ရပါသော အမျိုးသားအမျိုးသမီးများ ဂါရဝပြုအပ်ပါသည် 🙏


တာဝန်ခံများ

  • R Gree – Founder and Chief Ground Officer of Arakan State
  • Arakkha Zin Myo – Founder and Chief Executive Officer (Thailand) – 083 664 3107

#ကျောက်ဖြူမြို့နယ်
#ကျောင်းသူကျောင်းသား
#စစ်ရှောင်ပြည်သူ
#စားနပ်ရိက္ခာ

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

Exit mobile version