Home Activities ကြေညာချက် – အာရက္ခဒေသ စစ်ရှောင်ပြည်သူများအတွက် စက်တင်ဘာအတွင်း (Mobile Clinic) ကွင်းဆင်းကုသမှုပြုလုပ်ရန် စီစဉ်

ကြေညာချက် – အာရက္ခဒေသ စစ်ရှောင်ပြည်သူများအတွက် စက်တင်ဘာအတွင်း (Mobile Clinic) ကွင်းဆင်းကုသမှုပြုလုပ်ရန် စီစဉ်

0

နေ့စွဲ – ၁.၉.၂၀၂၅

ပရဟိတအသင်းများနှင့် အလှူရှင်အပေါင်းအပါးတို့အား လေးစားစွာ အသိပေးအပ်ပါသည်။

အာရက္ခဒေသရှိ စစ်ရှောင်ပြည်သူများအနက် ငှက်ဖျားရောဂါအပါအဝင် ဝမ်းပျက်ဝမ်းလျှော၊ ယားနာ၊ ဆီးချို၊ သွေးတိုး၊ ရာသီပေါ်တုတ်ကွေး၊ တီဘီနှင့် အခြားအမျိုးမျိုးသော ရောဂါများ ခံစားနေရပါသည်။

ထိုကြောင့် စေတနာ အာရက္ခ ပြည်သူအကျိုးပြုဆေးခန်းမှ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရန်အတွက် အာရက္ခဒေသရှိ စစ်ရှောင်စခန်းများသို့ မကြာမီအချိန် စက်တင်ဘာအတွင်း (Mobile Clinic) ကွင်းဆင်းကုသမှု ပြုလုပ်ရန် ပြင်ဆင်ဆဲဖြစ်ပါသည်။

လူသားချင်းစာနာထောက်ထားမှုအရ ပရဟိတအသင်းများနှင့် တစ်ဦးချင်းအလှူရှင်များအား မိုဘိုင်းဆေးရုံ ကွင်းဆင်းကုသမှုအစီအစဉ်တွင် ပူးပေါင်းပါဝင်ကူညီရန်၊ လှူဒါန်းကူထောက်ရန် တိုက်တွန်းအပ်ပါသည်။

ဆေးခန်းတွဲဖက်တည်ထောင်သူ – အာရက္ခ ဇင်မျိုး
(ပြန်ကြားရေးနှင့် နိုင်ငံတကာဆက်ဆံရေး)

ဆေးခန်းရံပုံငွေတည်ထောင်ရေးအသင်းတွင် အဖွဲ့ဝင်အဖြစ် ပါဝင်လိုပါက အောက်ပါလင့်များမှ စုံစမ်းနိုင်ပါသည် –

🔗 Facebook Page – https://www.facebook.com/SaetanaABCFBA


🔗 YouTube – https://youtu.be/zsg1XfMlxPs

🔗 Website – https://saetanarclinic.com/?p=1830

🔗 TikTok – https://www.tiktok.com/@saetanarclinic

MobileClinic

ကွင်းဆင်းဆေးကုသမှု

စစ်ရှောင်ပြည်သူ

အာရက္ခဒေသ

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

Exit mobile version