Home Activities ကွင်းဆင်းဆေးကုသမှတ်တမ်း

ကွင်းဆင်းဆေးကုသမှတ်တမ်း

0

နေ့စွဲ – ၃၀.၈.၂၀၂၅

ပရဟိတအသင်းနှင့် အလှူရှင်အပေါင်းတို့အား ဂါရဝအထူးထပ်မံတင်ပါသည်။

လက်ရှိ စစ်ရှောင်ပြည်သူများအနက် ငှက်ဖျားရောဂါ၊ ရာသီအပြောင်းအလဲနှင့်အတူ ပေါ်ထွက်လေ့ရှိသော ဝမ်းရောဂါ၊ ယားနာ၊ ဆီးချို၊ သွေးချို၊ လေးဘက်နာ၊ ရာသီပေါ် တုတ်ကွေး၊ တီဘီ နှင့် အခြားနာရောဂါမျိုးစုံ ခံစားနေရကြပါသည်။

ထိုအတွက် စေတနာ အာရက္ခ ပြည်သူအကျိုးပြုဆေးခန်း မှ စစ်ရှောင်ပြည်သူများ နေထိုင်ရာဒေသသို့ ဇူလိုင်လ ၂၇၊ ၂၈ ရက်နေ့များတွင် သွားရောက်ကာ ကွင်းဆင်းဆေးကုသမှု ပြုလုပ်ခဲ့ပါသည်။

လပိုင်းသား ကလေးများထဲတွင် အရေပြားရောဂါ၊ ယားနာတို့ ပိုမိုဖြစ်ပွားနေသည်ကို တွေ့ရှိခဲ့ပါသည်။

ကျွန်ုပ်တို့၏ အဖွဲ့သည် လူမျိုး၊ ဘာသာမခွဲခြားဘဲ ဒေသခံ စစ်ရှောင်ရခိုင်များနှင့် အခြားမျိုးနွယ်စုများအားလုံးကို တူညီစွာ ကုသပေးခဲ့ပါသည်။

ဤအကြိမ် ကွင်းဆင်းဆေးကုသမှုအတွက် Arakan FC Japan မှ လှူဒါန်းပေးထားသည့် သိန်း (၃၀၀) ထဲမှ သိန်း (၄၀) ကို အသုံးပြုပြီး ဆောင်ရွက်ခဲ့ပါသည်။

ဆေးခန်းရံပုံငွေတည်ဆောက်ရေးအသင်း သို့ အသင်းဝင်ချင်ပါက အောက်ပါလင့်များမှ ဝင်ရောက်စုံစမ်းနိုင်ပါသည် –

🔹 Page – https://www.facebook.com/SaetanaABCFBA


🔹 Website – https://saetanarclinic.com/?p=1964

🔹 YouTube – https://www.youtube.com/@SaetanarArakkhaClinic

🔹 TikTok – https://www.tiktok.com/@saetanarclinic

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

Exit mobile version