Home Donors ကျောက်ဖြူ စစ်ဘေးရှောင်များအတွက် စည်းလုံးသော အလင်းရောင်ကြည်ပွင့်များ ပရဟိတအသင်းမှ (သိန်း ၆၀၀၀၀၀၀) ခြောက်ဆယ်သိန်း ကျပ် လှူဒါန်း

ကျောက်ဖြူ စစ်ဘေးရှောင်များအတွက် စည်းလုံးသော အလင်းရောင်ကြည်ပွင့်များ ပရဟိတအသင်းမှ (သိန်း ၆၀၀၀၀၀၀) ခြောက်ဆယ်သိန်း ကျပ် လှူဒါန်း

0

စစ်ဘေးရှောင်အလှူ (၀၈၈) – ၂၆.၀၈.၂၀၂၅

မလေးရှားနိုင်ငံအခြေစိုက်၊ ထိုင်း၊ တရုတ်၊ မြန်မာ လေးနိုင်ငံ ပေါင်းစည်းထားသည့် စည်းလုံးသော အလင်းရောင်ကြည်ပွင့်များ ပရဟိတအသင်း က ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင် ပြည်သူများအတွက် ခြောက်ဆယ်သိန်း ကျပ် (၆၀၀၀၀၀၀) ကို လှူဒါန်းခဲ့ပါသည်။

အခုလို အခက်အခဲများ ကြုံတွေ့နေရသည့် စစ်ဘေးရှောင်ပြည်သူများအတွက် လှူဒါန်းသည့် အကျိုးကျေးဇူးကြောင့် စည်းလုံးသော အလင်းရောင်ကြည်ပွင့်များ ပရဟိတအသင်း၏ အသင်းသားများနှင့် လှူဒါန်းသူအားလုံးတို့သည် သက်ရှည်၊ ကျန်းမာပြီး အလုပ်အကိုင်လုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ကြပါစေဟု ဆုမွန်ကောင်း တောင်းပန်အပ်ပါသည်။

လက်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် မိုးရာသီရောက်လာသဖြင့် အမိုးအကာများနှင့် နေရာချထားရန် အိမ်အကာအကွယ်များ လိုအပ်နေပါသည်။ ဒေသအတွင်းရှိ စစ်ဘေးရှောင်များမှာ ငှက်ဖျား၊ ဝမ်းပျက်၊ ယားနာ၊ ဆီးချို၊ သွေးချို၊ လေးဘက်နာနှင့် အခြားအမျိုးမျိုးသော ရောဂါများကိုလည်း ခံစားနေရပါသည်။

တည်ထောင်သူ – Arakkha Zin Myo
ပြန်ကြားရေးနှင့် နိုင်ငံတကာဆက်ဆံရေး တာဝန်ခံ


အသင်းကို ဆက်သွယ်လိုပါက အောက်ပါလင့်ခ်မှ ဝင်ရောက် ဆက်သွယ်နိုင်ပါသည် –
🔗 စည်းလုံးသော အလင်းရောင်ကြည်ပွင့်များ အသင်း
https://www.facebook.com/Unitylightstars


#တာဝန်ခံများ

  • R Gree – Founder and Chief Ground Officer of Arakan State
  • Arakkha Zin Myo – Founder and Chief Executive Officer of Thailand – 083 664 3107

#ပုဏ္ဏားကျွန်းမြို့နယ်

#စစ်ဘေးရှောင်စခန်း

#အမိုးအကာ

#ကျန်းမာရေးစောင့်ရှောက်မှု

#စားနပ်ရိက္ခာလိုအပ်

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

Exit mobile version