Home Khin Mg Htoo ခင်မောင်ထူး

ခင်မောင်ထူး

0

အသင်းဝင်အချက်အလက်

အမည် – ကိုခင်မောင်ထူး (ခ) ကိုမြထွန်း
မွေးသက္ကရဇ် – ၁၉၈၇
မွေးရပ်မြို့ – အာရကန်ပြည်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၊ ရမ်းဝကျေးရွာ
လက်ရှိနေထိုင်ရာနိုင်ငံ – မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ၊ Solaris မြို့
ရာထူး – လက်ထောက်တာဝန်ခံ (ဒုဥက္ကဌ)
အသင်းဝင်အမှတ် – MY 09
အသင်းဝင်ရောက်သည့်နေ့ – ၁ ဧပြီ ၂၀၂၅

နောက်ခံအကျဉ်း

၂၀၂၅ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကိုခင်မောင်ထူးသည် စေတနာ အာရက္ခ ပြည်သူအကျိုးပြု ဆေးခန်း ရံပုံငွေရှာဖွေရေးကော်မတီတွင် ဝင်ရောက်ခဲ့ပြီး လက်ရှိတွင် အသင်း၏ လက်ထောက်တာဝန်ခံ (ဒုဥက္ကဌ) အဖြစ် တာဝန်ယူဆောင်ရွက်နေပါသည်။

အသင်းထဲ ဝင်ရောက်ခြင်း၏ ရည်ရွယ်ချက်မှာ တိုက်ပွဲများကြောင့် အခက်အခဲများကြုံတွေ့နေရပြီး ကုသခွင့်အပြည့်အဝ မရနိုင်သေးသော အာရက္ခပြည်သူများ၏ ကျန်းမာရေးနှင့် အကျိုးစီးပွားများအတွက် ကူညီပံ့ပိုးနိုင်ရန် ဖြစ်သည်။ မိမိလူမျိုးကို ချစ်မြတ်နိုးသောစိတ်၊ သူတပါးအကျိုးကို ကူညီလိုသည့် စေတနာသန့်စင်မှုအပြင် အများအကျိုးအတွက် တာဝန်ယူပါဝင် ဆောင်ရွက်လိုသည့် စိတ်ဓာတ်ကြောင့် အာရက္ခလူထုအကျိုးကို တိုးတက်အောင်လုပ်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း ဖြစ်သည်။

ကိုခင်မောင်ထူးသည် ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း လူမှူ့ကူညီရေး ရံပုံငွေရှာဖွေရေးအသင်းတွင်လည်း ဘဏ္ဍာရေးတာဝန်ယူသူ အဖြစ် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးနေပါသည်။ ဤဖောင်ဒေးရှင်းသည် အာရက္ခဒေသအတွင်း စစ်ဘေးရှောင် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားရေးနှင့် လူမှုကူညီရေးကို ပကတိမြေပြင်အနေအထားတွင် လုပ်ကိုင်ဆောင်ရွက်နေပါသည်။ ဤတာဝန်အရ ကိုခင်မောင်ထူးသည် အာရက္ခပြည်သူများ အကျိုးစီးပွားအတွက် ဆက်လက်ပူးပေါင်း ကူညီဆောင်ရွက်နေပါသည်။

ကိုခင်မောင်ထူးသည် တန်းခိုးဆရာထွန်း အခမဲ့ပညာရေးစင်တာ ရံပုံငွေရှာဖွေရေးအသင်း ၏ အသင်းသားတစ်ဦးအဖြစ်လည်း ပါဝင်ဆောင်ရွက်နေပါသည်။ ဤစင်တာသည် အာရက္ခဒေသမှ စစ်ဘေးရှောင်မိဘများ၏ ကလေးငယ်များအတွက် ပညာရေးအခွင့်အလမ်းများပေးနိုင်ရန် ကြိုးပမ်းလှုပ်ရှားနေပြီး မျိုးဆက်သစ်လူငယ်များအနာဂတ်ကို ပိုမိုလှပအောင် တည်ဆောက်ပေးရန်နှင့် အာရက္ခတိုင်းပြည်၏ အနာဂတ်ကို သယ်ပိုးဆောင်ရွက်နိုင်မည့် ထူးချွန်ပြောင်မြောက်သော ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ လုပ်ဆောင်လျက်ရှိပါသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

Exit mobile version