Home About Zin Myo Oo ရခိုင်ပြည်သူ အခွင့်အရေး လှုပ်ရှားသူ ဇင်မျိုးဦး အကြောင်းသတင်း

ရခိုင်ပြည်သူ အခွင့်အရေး လှုပ်ရှားသူ ဇင်မျိုးဦး အကြောင်းသတင်း

0

ဇင်မျိုးဦး (အာရက္ခဇင်မျိုး) သည် ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့တွင် မွေးဖွားပြီး လူ့အခွင့်အရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အဓိကဆောင်ရွက်နေသူတစ်ဦးဖြစ်သည်။

အစိုးရနှင့် ပတ်သက်သော လုပ်ငန်းများ

၂၀၁၄ ခုနှစ်တွင် ရခိုင်မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (AGYO) ကို တည်ထောင်ခဲ့ပြီး၊ ရွှေ့ပြောင်းအလုပ်သမားများအတွက် ဥပဒေရေးရာ ကာကွယ်မှု၊ လူကုန်ကူးမှုတားဆီးခြင်းနှင့် အလုပ်သမားအခွင့်အရေးကူညီမှုများကို ဦးဆောင်ခဲ့သည်။

၂၀၁၅ ခုနှစ် ရေကြီးရေလျှံမှုကြောင့် လူနေအိမ် ၁ သောင်းကျော်ပျက်စီး၊ လူ ၆၀ ကျော်သေဆုံးခဲ့ပြီး စာသင်ကျောင်း ၃၀၀ ကျော်၊ ဘုန်းတော်ကြီးကျောင်း ၁၅၀ ကျော်နှင့် အခြားအဆောက်အအုံများပျက်စီးခဲ့သည်။ ထိုနှစ်တွင် Arakkha Zin Myo သည် AGYO ခေါင်းဆောင်အနေနဲ့ ထိုင်းနိုင်ငံမှ ရခိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ လူမှုကူညီကယ်ဆယ်ရေးများကို ကိုယ်တိုင် ဆောင်ရွက်ခဲ့သည်။

၂၀၁၇ ခုနှစ် ဧပြီလတွင် ရခိုင် ကုလား (မူဆလင်) အရေးအခင်းအတွင်းလည်း အခြေအနေနက်နဲသော မောင်တောမြို့သို့ သွားရောက်ကူညီခဲ့ပြီး စစ်သွေးကြွ ကုလားများမှ ဒုက္ခပေးခံရသည့် ရခိုင်ပြည်သူများအား လူသားချင်းစာနာမှု အကူအညီများ ပေးခဲ့သည်။

နည်းပညာနှင့် မီဒီယာ လုပ်ငန်း

၂၀၁၃ ခုနှစ်တွင် MAP Radio FM 102.50 MHz တွင် “ ရခိုင်ဘာသာအစီအစဉ်” စတင်ထုတ်လွှင့်ခဲ့ပြီး လူမှုရေးနှင့် သတင်းစဉ်များကို တင်ဆက်ခဲ့သည်။
၂၀၁၆ ခုနှစ်တွင် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်သမားသတင်းအစီအစဉ်ကိုလည်း တင်ဆက်ခဲ့သည်။
၂၀၁၉ ခုနှစ်တွင် AGYO ကို ရပ်နားခဲ့သော်လည်း လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများကို ဆက်လက် ဆောင်ရွက်နေသည်။

၂၀၂၀ ခုနှစ်မှစ၍ Arakkha Media နှင့် AK TV တွင် ရုပ်သံအစီအစဉ်များကို တင်ဆက်ကာ ရခိုင်အဆိုတော်များကို လူသိထင်ရှားစေရန်နှင့် စစ်ကောင်စီနှင့် NUG အစိုးရတို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်နေသည်။

လူမှုရေးနှင့် လှူဒါန်းမှုများ

AR TV Music, Arakan Celebrity, Rakhine Music Request Program, AK TV, AAL Media, Arakkha Music စသည်တို့တွင် ရခိုင်အဆိုတော်များ၏ သီချင်းများကို တင်ဆက်နေသည်။

စစ်ဘေးဒုက္ခသည်များအတွက် လှူဒါန်းမှုများပြုလုပ်ပြီး အခြေအနေများကို မျှဝေခြင်းနှင့် လှူရှင်များနှင့် တာဝန်ခံများကို ချိတ်ဆက်ပေးခြင်း။

အဖွဲ့အစည်း တည်ဆောက်မှုနှင့် ခက်ခဲမှုများ

Arakkha Media (AK TV) သည် ဘယ်အဖွဲ့အစည်း၏ အကူအညီကို မယူဘဲ ကိုယ်ပိုင်လုပ်အားနှင့် ပြည်သူ့အားပေးမှုဖြင့် ဆောင်ရွက်နေသည်။

အဓိက ပြဿနာမှာ ဘားဂျက်မရှိခြင်းဖြစ်သော်လည်း လူ့အခွင့်အရေးနှင့် ရခိုင်ပြည်သူများအကျိုးအတွက် လုပ်ဆောင်မှုများကို ဆက်လက်လုပ်ဆောင်နေသည်။

ကျန်းမာရေးနှင့် လူမှုရေး ကူညီမှုများ

ဆေးခန်းတည်ဆောက်ခြင်းနှင့် ထောက်ပံ့မှု

ဒုက္ခသည်များ၊ ရွှေ့ပြောင်းအလုပ်သမားများနှင့် လူနည်းစုများအတွက် ဆေးခန်းများ တည်ဆောက်ပေးခြင်း

ဆေးဝါးနှင့် ဆေးပညာပစ္စည်းများ ထောက်ပံ့ပေးခြင်း

ဆရာဝန်နှင့် ဆေးပညာအထောက်အကူများ ရရှိရေး အကူအညီပေးခြင်း

ကျန်းမာရေးပညာပေးခြင်း

ကျန်းမာရေး၊ သန့်ရှင်းရေးနှင့် ရောဂါကာကွယ်မှု အကြောင်း အသိပညာပေးအစီအစဉ်များ ကျင်းပခြင်း

ကလေးငယ်များ၊ မိဘများနှင့် ဒေသခံလူထုအား သတိပေးပညာပေးခြင်း

စစ်ဘေးဒုက္ခသည်များအတွက် ကျန်းမာရေးကူညီမှု

ဆေးကုသမှုနှင့် စိတ်ပိုင်းဆိုင်ရာ ကူညီမှုများ ပေးခြင်း

ဒုက္ခသည်များ၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်အောင် အထောက်အပံ့ပေးခြင်း

လူမှုကွန်ယက်များနှင့် ပရဟိတအဖွဲ့များ ချိတ်ဆက်ခြင်း

လူမှုကွန်ယက်များနှင့် ပရဟိတအဖွဲ့များကို ချိတ်ဆက်ကာ အလှူရှင်များထံမှ သဘာဝအရင်းအမြစ်များ ရရှိစေရန် ဦးဆောင်ပေးခြင်း

ပုဂ္ဂိုလ်ရေးအမြင်

ဇင်မျိုးဦးသည် လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးကို ဂရုပြု၍ ရခိုင်ပြည်သူများ၏အခြေအနေများကို ကူညီဆောင်ရွက်နေပြီး လှူဒါန်းမှုနှင့် သတင်းအချက်အလက်များမှတဆင့် ပြည်သူများကို အားပေးကူညီနေသူ ဖြစ်သည်။

ဇင်မျိုးဦး၏အကြောင်း

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

Exit mobile version