Home About ကျောက်ဖြူမြို့နယ် စေတနာ အာရက္ခ ပြည်သူအကျိုးပြု ဆေးခန်း (၂) ဖွင့်လှစ်ခြင်း မှတ်တမ်း

ကျောက်ဖြူမြို့နယ် စေတနာ အာရက္ခ ပြည်သူအကျိုးပြု ဆေးခန်း (၂) ဖွင့်လှစ်ခြင်း မှတ်တမ်း

0

Date – 20.8.2025

၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့တွင် စေတနာ အာရက္ခ ပြည်သူအကျိုးပြု ဆေးခန်း (၂) ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ခြင်းကို မှတ်တမ်းတင်ပေးလိုက်ပါသည်။

ဆေးခန်းဖွင့်ပွဲနေ့တွင် ဆေးခန်းအနီးအနားရှိ စစ်ဘေးရှောင် မိဘပြည်သူများနှင့် ဒေသခံရွာသူရွာသားများအား အခမဲ့ ဆေးကုသမှုများ ပြုလုပ်ပေးခြင်း၊ ဆွမ်းကျွေး၊ တရားနာကြားခြင်း စသည်ဖြင့် လုပ်ဆောင်ပြီးနောက် ဆေးခန်းကို ဖွင့်လှစ်ခဲ့ပါသည်။

စစ်ဘေးရှောင်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို ဆောင်ရွက်နိုင်ရန်အတွက် ဆေးခန်းရံပုံငွေရှာဖွေရေးအသင်း၊ နောက်ပြီး တစ်ဦးချင်းလှူရှင်များ၊ ပရဟိတအသင်းအဖွဲ့များ စသည့် အဖက်ဖက်မှ ဝိုင်းဝန်းကူညီ လှူဒါန်းထောက်ပံ့ပေးသည့် အားလုံးကို အာရက္ခပြည်သူများကိုယ်စား အထူးကျေးဇူးတင်ပါသည်။

ဒေသအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများသည် ငှက်ဖျား၊ ဝမ်းပျက်ဝမ်းလျော၊ ယားနာ၊ ဆီးချို၊ သွေးချို၊ လေးဘက်နာ နှင့် အခြားသော အမျိုးမျိုးသောရောဂါများကြောင့် ဒုက္ခရောက်နေကြပါသည်။

ဆေးခန်း တည်ထောင်သူ
Arakkha Zin Myo (ပြန်ကြားရေး၊ နိုင်ငံတကာဆက်ဆံရေး)

ဆေးခန်းရံပုံငွေ တည်ဆောက်ရေးအသင်းတွင် အဖွဲ့ဝင်ဖြစ်လိုသူများအနေဖြင့် အောက်ပါလင့်(ခ်)မှ စုံစမ်းနိုင်ပါသည်–
🔗 Page – https://www.facebook.com/SaetanaABCFBA

———————————–

📺 YouTube – https://youtu.be/sRBGUrrcM-c

🌐 Website – https://saetanarclinic.com/

🎵 TikTok – https://www.tiktok.com/@saetanarclinic

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

Exit mobile version